ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဗဟန်း  စက်တင်ဘာ  ၂၆

မြေပြင်တွင်အမှန်တကယ်ဓါတ်ပုံပညာများကို နားလည်ပြီး ခေတ်နှင့်အညီ ဓါတ်ပုံရိုက်ကူး တည်းဖြတ်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် :၀၀နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် က အမှာစကားပြောကြားပြီး ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းအတွက် ငွေကျပ် (၁၀)သိန်း ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး သင်တန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းမှ လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းအား စာတွေ့ လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၆--၂၀၂၂)ရက်နေ့မှ (-၁၀-၂၀၂၂)ထိ သင်ကြားသွားမည်ဖြစ်ကြောင်း၊ တိုင်းနှင့် ပြည်နယ်များမှသင်တန်းသား (၂၁)ဦး တက်ရောက်ကြောင်း သိရသည်။

စန္ဒာမိုး