(၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မိုင်းပန်  စက်တင်ဘာ ၂၆

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော လင်းခေးခရိုင် ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က မိုင်းပန်မြို့ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မြို့မရှိ ချယ်ရီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​အခမ်းအနားတွင် လင်းခေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)နှင့် (မွေတော်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက”ရှမ်းနှစ်သစ်ကူးအက”နှင့် “ရှမ်းရိုးမကအိုးစည်သံ”သီးချင်းဖြင့်ကပြဖျော်ဖြေခဲ့သည်။

ဆက်လက်၍ ၂၀၂၂ခုနှစ်  (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ခရိုင် ကိုယ်စားပြုပြိုင်ပွဲဝင်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ မိုင်းပန်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းသိန်း၊ မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကိုယ်စားပြုပြိုင်ပွဲဝင်များနှင့် ကြီးကြပ်ဆရာများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး ပြည်နယ်အဆင့် တတိယဆု ရရှိခဲ့သည့် ခရိုင်ကိုယ်စားပြုအဖွဲ့အား မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ မိုင်းပန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “လှမ်းခဲ့ပါလေ မိုင်းပန်မြေ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားပိတ်သိမ်းကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါအခမ်းအနားကို လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိုင်းပန် တပ်နယ်မှူးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

​​မိုင်းပန်(ပြန်/ဆက်)