မြင်းခြံ စက်တင်ဘာ ၂၆
မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နေ့လယ် ၂ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံနေအသံထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အသံ အဖြတ်အတောက်၊ အနိမ့်အမြင့်အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နည်လမ်းများကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို (၂) ရက်တာ သင်ကြားပေးမည်ဖြစ်ပြီး ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသူ (၃၂) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)