ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ (Talk Show)ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် (၁၀)နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (အရှေပိုင်း)၊ ”ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြိုနယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပါလောင်းကျေးရွာ ကုန်ထုတ်လမ်း အပိုင်း(၁)နှင့်(၂)လမ်း အရှည်မိုင်(၂)မိုင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သံတွဲမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်စစ်ဆေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ကော့မှူးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် သတ်မှတ်စည်းကမ်းနှင့် အညီမောင်းနှင်စေရေးရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၉:၀၀)အချိန်က (စျ)ရပ်ကွက်၊ ဝေဘာဂီလမ်းမအမှတ် (၅)ကုန်းလမ်းပို့ဆောင်ရေးဝန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ကလိန်အောင်မြို့တွင် ယခုနှစ် ရာဘာရာသီစတင်ချိန် ခြံဖွင့်ဈေး ယခင်နှစ်ကထက် ဈေးကောင်းပိုရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုနှစ်ခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာဈေးနှုန်း‌ပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရကြောင်း ဒေသတွင်းရာ ဘာစိုက်တောင်သူများထံမှ သိရသည်။

မင်းဘူးခရိုင်းအတွင်း ဆောင်းနေကြာသီးနှံကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဆောင်းနေကြာသီးနှံကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်စေရေးအတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (ယနေ့) နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအား နေ့လည်(၁)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀ ) နာရီအချိန် က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ခိုလမ်မြို့တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က စည်ပင်သာယာရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
Subscribe to