ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေးမြင့်မားလာစေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃) ကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များနှင့်အညီဖွင့်လှစ်သည်။

ပန်းတောင်းမြို့နယ်တွင် (ဆီထွက်သီးနှံ) စိုက်ပျိုးရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ချေးငွေများ ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်မည့် ကျေးရွာသို့ စီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်​နေ့က ပဲကြီးအင်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် အထောက်အကူပြုမြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင် စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ်မှတ် ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် အထောက်အကူပြု မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင် စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ်မှတ်​ခြင်း ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း​​ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ဟံသာဝတီ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (တနင်္သာရီတိုင်းတာ ဝန်ခံ) ဦးကိုကိုလွင်နှင့် ဦးမြင့်သိန်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ​​​​ကော့‌သောင်းခရိုင်၊ ဘုတ်ပြင်းခရိုင်၊ကော့သောင်းမြို့နယ်နှင့်ဘုတ်ပြင်းမြို့နယ်အ​ထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပဲခူးမြို့၌ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် မျက်စိကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပြုလုပ်

ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အခမဲ့မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှူအသင်း၊ မျက်စိခွဲစိတ်ဆောင်၌ ပြုလုပ်ခဲ့သည်။

ဖိတ်ခေါ်လိုက်ရပါသည် သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်ပါစေတီတော်မြတ်ကြီး ဘုရားပွဲတော်နှင့် တောင်တက်ပွဲတော်ဆီ

သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်းပါစေတီ‌တော်မြတ်ကြီးသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ဝမ်းဘဲ အင်းကျေးရွာရန်ကုန်-မန္တလေး ကားလမ်းမဟောင်း၏နံဘေး ကမ္ဘာ့အသိအမှတ်ပြု မိုးယွန်းကြီးအင်း ရေတိမ်ဒေသ၏ အနီးအနားတွင် တည်ထားကိုးကွယ်ထားသော ထင်ရှားကျော်ကြားလျက်ရှိသည့် စေတီတစ်ဆူဖြစ်သည်။     

ပိုင်ကျုံမြို့၌ ဖရဲစိုက်ပျိုးသည့်တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်

ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   ပိုင်ကျုံမြို့၊  ပိုင်ကျုံချောင်းကမ်းဘေးရှိ   ကိုင်းမြေများ၌  စိုက်ပျိုးသည့် ဆောင်းသီးနှံရာသီစာ ဖရဲခင်းများ ယခုနှစ်တွင် ပိုမိုစိုက်ပျိုးနေပြီး ယခုနိုဝင်ဘာလမှ ဖရဲသီးများ စတင် ထွက်ရှိတော့မည်ဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းရရှိရန်မျှော် လင့်နေကြောင်း တစ်ပိုင်တနိုင် ဖရဲစိုက် တောင်သူများထံမှ အောက်တိုဘာလ ၁၃ ရက်က သိရသည်။

မင်းလှမြို့တွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းအခမဲ့သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊လူ ထုအ‌ခြေပြုဗဟိုဌာန (Commu nity Centre)ခန်းမ၌ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ် ခြင်းအခမဲ့သင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်ကဖွင့်လှစ်ခဲ့သည်။

သရက်မြို့၌ လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့်လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ် (Community Centre)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ပြုလုပ်ခဲ့သည်။

ငါ့သရောက်မြို့ ​နှောတွင်းရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပေး(Transformer) တစ်လုံးအသစ်တိုးချဲ့တည်ဆောက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပျဥ်ပင်ရပ်ကွက်တွင် တိုင်ဒေသကြီး၏ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စက်တင်ဘာလ (၂၀) မှစတင်၍ လျှပ်စစ်ဓာတ် အားပေး Transformer (၁)လုံးအသစ်တိုးချဲ့တည်ဆောက်ခဲ့ရာ ယခုအခါ(၉၀%) ဆောက်လုပ်ပြီး စီးနေပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်မှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်း ထွန်းထံမှသိရသည်။
Subscribe to