မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး

မြောက်ဥက္ကလာပ အောက်တိုဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် သတ်မှတ်စည်းကမ်းနှင့် အညီမောင်းနှင်စေရေးရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၉:၀၀)အချိန်က (စျ)ရပ်ကွက်၊ ဝေဘာဂီလမ်းမအမှတ် (၅)ကုန်းလမ်းပို့ဆောင်ရေးဝန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

အဆိုပါဟောပြောပွဲကို အမှတ်(၃၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင်အဖွဲ့များက YBS အထူးယာဉ်ကြီးမောင်းသင်တန်း အမှတ်စဉ်(၂၅)မှ သင်တန်းသား(၉၀)ဦးအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး (ပြန်/ဆက်)