မြိတ်ခရိုင်ရှိ မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ(၆၈၀)အိတ်ကို စိုက်ပျိုးရေးဦးစီးဌာနမှ တတိယအကြိမ် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်များမှ မိုးစပါးစိုက်တောင်သူများအား မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာ စုစုပေါင်း (၆၈၀)အိတ်ကို စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နေ့လယ်ပိုင်းက တတိယအကြိမ် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ကော့ကရိတ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကျေးရွာအုပ်စု ရန်ပုံငွေစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကျေးရွာ အုပ်စုရန်ပုံငွေစီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက်(၁၀)နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကေ့ာကရိတ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကျေးရွာအုပ်စု ရန်ပုံငွေစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကျေးရွာ အုပ်စုရန်ပုံငွေစီမံခန့်ခွဲမှု သင်တန်းကို ယနေ့နံနက်(၁၀)နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာအုပ်၊ နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်ဝိုင်းပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ မွန်းလွဲ (၁) နာရီက စာပေအသိပညာ တိုးပွားစေရန်နှင့် ဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်၍ စာအုပ်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ကာမိုင်းမြို့၌ ပုံ‌ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ သည်။

ဂန့်ဂေါမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကုန်ဈေးနှုန်းများမြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရေးနှင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည့် အခြေခံလူတန်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက်(၇)နာရီ အချိန်မှ (၉)နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် အခြေခံအိမ်ထောင်စုများ၊ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက  ဆိပ်ဖြူမြို့ ပတ္တမြားဈေးအနီး ဗိုလ်ချုပ်လမ်း၌ ရောင်းချပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to