ဒလ အောက်တိုဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀ ) နာရီအချိန် က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန်မအားလပ်သည့် စာဖတ်ပရိတ်သတ်များကို ရုံးပိတ်ရက်များတွင် စာပေဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ် (၂၅ ) အုပ်ကို အခမဲ့သွားရောက် ငှားရမ်းပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး စာဖတ်ချိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ဌားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက် ငှားရမ်း ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော် (ပြန်/ဆက်)