ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

ပင်လုံ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအား နေ့လည်(၁) နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်အိမြတ်နိုးသူက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ ကျောင်းသားလူငယ်များအား အသိပညာပေး အကြောင်းအရာများ ဟောပြောခဲ့ပါသည်။ ယင်းနောက်​ ကျောင်းသားလူငယ်များအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကျောင်းသားလူငယ်များ စိတ်ဝင်စားသည့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပွဲပြပွဲသို့  ကျောင်းသားလူငယ်များ(၁၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)