တိုက်ကြီးမြို့နယ်တွင် တောင်သူများအား နေကြာစိုက်ပျိုးရေး နည်းပညာများ အသိပညာပေးဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ပျိုးရေး နည်းပညာများ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တိုက်ကြီးမြို့နယ် ချောင်းသုံးခွကျေးရွာအုပ်စု လက်ပြန်ဒိုးကျေးရွာရှိ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။