ခိုလမ် အောက်တိုဘာလ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က စည်ပင်သာယာရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိပြီး အလုပ် တာဝန် မအားလပ်သည့် စာဖတ်ပရိသတ်များကို အိမ်တွင်အနားယူ စာပေဖတ်ရှု့လေ့လာစေရန်ရည်ရွယ်၍ ခိုလမ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ် (၃၀) အုပ်ကို အခမဲ့ သွားရောက်ငှားရမ်းပေးခဲ့ပြီး တစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ခိုလမ်)