ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်နှင့် ဦးသန်းအောင်ကျော်သည် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ သော်ကမြိုင်လမ်းနှင့်ငုရွှေဝါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်အမှတ်(၁)ရပ်ကွက်၊သော်ကမြိုင်လမ်း(၈၀'၁၂'၆")ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ငုရွှေဝါလမ်း (၃၆၀'၁၂'၆")ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ် ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်မည့်ဆင်များ၊ ဈေးပတ်ဆင်များအား ကြိုတင်ပြင်ဆင်စရိတ်ချီးမြှင့်ထောက်ပံ့ငွေ (၁၂၈)သိန်း ကျပ်ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှ ပြိုင်ပွဲကိုအောက်တိုဘာ(၂၂)နေ့တွင် စည် ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ဆင်များ၊ဈေးပတ်ဆင်များအား ကြိုတင်ပြင်ဆင်စရိတ် ချီးမြှင့်ထောက်ပံ့သည့်အခမ်းအနား ကို  ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ငွေကျပ်(၁၂၈) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်အတွင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုသိမ်မြို့နယ်စာစစ်ဌာနများ၌ ပြင်ပဖြေများ ဝင်ရောက်ဖြေဆိုနိုင်ရန် အသိပေးကြေညာ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပမှဝင်ရောက် ဖြေဆိုမည့်သူများ သင်ကြားသင်ယူမှုအဆင်ပြေစေရန်နှင့်အောင်ချက်မြင့်မားရေးအတွက် ရည်ရွယ်ကာစာသင်ဌာန(၁၀)ခုဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စလင်းမြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်က စားသုံးသူ ရေးရာ ကာကွယ်ရေး ဥပဒေအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုရရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဖားကန့်မြို့၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် ၂/၂၀၂၂ ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း သင်တန်း အမှတ်စဉ် ၂/၂၀၂၂ ကို ယမန်နေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်မြေလုံခြုံရေးအတွက် တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းကာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်လမ်းမကြီးနှင့် လမ်းသွယ်၊ လမ်းကြားများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to