မက်မန်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် (အရှေပိုင်း)၊ ”ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြိုနယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပါလောင်းကျေးရွာ ကုန်ထုတ်လမ်း အပိုင်း(၁)နှင့်(၂)လမ်း အရှည်မိုင်(၂)မိုင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးဦးဆန်းမင်းက လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီ၍ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပေးခဲ့သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း(၂)မိုင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ခွင့်ပြုရန်ပုံငွေ ကျပ်(၇၉.၂)သန်းဖြင့် မက်မန်းဗလနှင့်ရွှေ မိုင်းပျဉ်းကုမ္ပဏီတို့မှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ကြောင်း သိရသည်။
စိုင်းရွှေအောင် (ခရိုင်ပြန်/ဆက်)