တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့ပါးသက်သာစေရန်နှင့် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးနှိုးဆော်

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ  ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ဆီးထိန်းချုပ်နိုင်ရန်နှင့် မျောက်ကြောက်ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  မြို့နယ် အတွင်း ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကာကွယ်ရေးလမ်းညွှန်ချက်များအားကို ယနေ့နံနက်(၁၀)နာရီက ခေါင်းကွဲကျေးရွာအုပ်စု၊ ခေါင်းကွဲကျေးရွာသို့ ကွင်းဆင်း၍  Hand Speaker ဖြင့်ဆောင်ရွက်ကြကြောင်းသိရသည်။

လှိုင်မြို့နယ်၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု့ စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းအုပ်ကြီးများ၏  စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်း၌ ကျင်းပသည်။

မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်တီအစည်းအဝေး ကျင်းပ

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်း အဝေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၁၉၆)ကျောင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း စာသင်ကျောင်း (၁၉၆)ကျောင်းတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို အောက်တိုဘာ(၁၈)ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ စာသင်ကျောင်း(၁၉၆) ကျောင်းအား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ငှားရမ်းဖတ်ရှုသူများပြား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးပြည်သူ့စာကြည့်တိုက်တွင်  ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာစောင်များငှားရမ်းပေးရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့ အမက (၁) ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာပြန့်ပွား၍ ဗဟုသုတရရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်အား ရှောင်လွဲနိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်၊ လူတော် လူကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ် အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များ ပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက် ၉ နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦး‌‌ကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ လှိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁၄ က နာရီကျင်းပခဲ့သည်။
Subscribe to