အိမ်မဲမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၁၉၆)ကျောင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ပြီးစီး

အိမ်မဲ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း စာသင်ကျောင်း (၁၉၆)ကျောင်းတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို အောက်တိုဘာ(၁၈)ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ စာသင်ကျောင်း(၁၉၆) ကျောင်းအား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အား မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)