တံတားဦး အောက်တိုဘာ ၂၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ဆီးထိန်းချုပ်နိုင်ရန်နှင့် မျောက်ကျောက်ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် အတွင်း ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကာကွယ်ရေးလမ်းညွှန်ချက်များအားကို ယနေ့နံနက်(၁၀)နာရီက ခေါင်းကွဲကျေးရွာအုပ်စု၊ ခေါင်းကွဲကျေးရွာသို့ ကွင်းဆင်း၍ Hand Speaker ဖြင့်ဆောင်ရွက်ကြကြောင်းသိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါလျော့ပါးသက်သာစေရန်အတွက် အသက်ကြီးအဘိုးအဘွားများ၊ နှလုံးရောဂါ၊ သွေးတို းရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ နာတာရှည်ရောဂါရှိသူများနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရေး၊ ကိုဗစ်-၁၉ ရောဂါအကောင်းဆုံးကာကွယ်မှု နည်းလမ်းမှာ စနစ်တကျလက်ဆေးမှုမပြုဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုလက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရေး၊ သန့်ရှင်းလတ်ဆက်သည့် အစားအစာများကိုရွေးချယ်စားသုံးရေး၊ ကျန်းမာရေးဝန်ကြီး ဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာဆောင်ရွက်ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့်မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက Hand Speaker ဖြင့် အရှိန်အဟုန်မြှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)