မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ပေးအပ်ပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သရက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များထောက်ပံ့ပေးအပ်ပွဲနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက သရက်မြို့ တေဇအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ချောက်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၊ ​မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များဖြင့် စာရေးဆရာ ဟိန်းလတ်ရေးသားသည့် “မှတ်ဉာဏ် ရင့်သန်ထက်မြက်စေရန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် စက်ရေတွင်း တူးဖော်မှု ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စက်ရေတွင်း (တွင်းနက်) တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးကြောင်း ကျွန်းလှမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရွှေကျင်မြို့နယ် သောင်လယ်ကျေးရွာတွင် ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာ၊ မူလွန် (မဒေါက်ကလေး) ကျောင်း၌ ယနေ့ နံနက်ပိုင်းက မြို့နယ် ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၂၀၂ ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်ဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက(မိုင်းဖြတ်) ကျောင်းရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂) ဆင်းပွဲကျင်းပ

တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန် း(၁/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

လက်ပံတန်းမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ​မြို့နယ်ပညာရေးမှူးရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ပိုင်ကျုံကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  အသက်နှစ်နှစ်အောက်  ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျေးလက်ကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ ၇၆၄၀ ဧက လျာထား စိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ ၇၆၄၀ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ယခုလဆန်းပိုင်းအတွင်း ရွာသွန်းခဲ့သည့်မိုးဖြင့် ထောပတ်ပဲသီးနှံများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Subscribe to