ကလော အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနဦးစီးအရာရှိ ဒေါ်သူဇာအောင်က မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသူကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ပေးမည့် အသိပညာပေးလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့်လုပ်ငန်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်မည့်လုပ်ငန်းများအား အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အေးခိုင်(ကလော)