ခရမ်း အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာပြန့်ပွား၍ ဗဟုသုတရရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်အား ရှောင်လွဲနိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်၊ လူတော် လူကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမက ၁ ကျောင်းအုပ်ဆရာမကြီးတို့က မူးယစ်းဆေးဝါးများ အန္တရာယ်အကြောင်း အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း )