ငါးသိုင်းချောင်းမြို့ မြစ်ဆယ်ကျေးရွာအုပ်စု၌ နေကြားသီးသန့်၊ သီးညှပ်စိုက်ပျိုးရေး ဆွေးနွေးခြင်းနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့  မြို့အုပ်ချုပ်ရေးမှူး ဉီးရဲထက်အောင် ဉီးဆောင်သည့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည်  နေကြာသီးနှံ လျာထားချက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးရေးအတွက် မြစ်ဆယ်ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်များရှိ မိုးစပါး စံကွက် ရိတ်သိမ်းပွဲအခမ်းအနားများ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်များ၌ ပြုလုပ်သော မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြသည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ဝါသနာတူ ကလပ်အသင်းများစုစည်းပြီး စာရေးသူ ဒေါက်တာမတင်ဝင်း ရေးသားထားသည့် “လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ဘိုးဘွားရိပ်သာတွင် ကျန်းမာရေး(အခမဲ့) ကုသစစ်ဆေးပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ မြစ်သားဘိုးဘွားရိပ်သာမှ အဘိုးနှင့်အဘွားများအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး(အခမဲ့) ကုသပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြစ်သား ဘိုးဘွားရိပ်သာရှိ ကုသဆောင်၌ ဆေးကုသဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ပန်းတနော်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်နာရမည့် စည်းကမ်းချက်များအား လိုက်လံအသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်​ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များအား လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့၌ နေကြာသီးနှံတိုးတက်စိုက်ပျိုးရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက နေကြာသီးနှံတိုးတက်စိုက်ပျိုးရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။

ခရမ်းမြို့တွင် အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့်သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့် အထက်နှင့် အသက် ၁၈ နှစ်အထက်ပြည့်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီး  ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊

လင်းခေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၌ တတိယအကြိမ် ပြည်သူများများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွက်ကဲမှုအောက် (ဟားခါးတပ်နယ်)တို့၏ ကြီးကြပ်ကွက်ကဲမှုဖြင့် တတိယအကြိမ်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မြို့တော်ခန်းမရှေ့၌‌ ရောင်းချကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက်ရှိ သူများအား ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၇၅)ဦးရှိကြောင်း သိရသည်။
Subscribe to