လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ငှားရမ်းဖတ်ရှုသူများပြား

လိပ်သို  အောက်တိုဘာ  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးပြည်သူ့စာကြည့်တိုက်တွင်  ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာစောင်များငှားရမ်းပေးရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရရုံး ပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ငှါးရမ်းပေးရာ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက လာရောက်ငှားရမ်းဖတ်ရှုကြကြောင်းနှင့် တစ်ဦးလျှင်(၁)အုပ်နှုန်းငှားရမ်းပေးကြောင်း စာကြည့် တိုက်မှူးထံက သိရသည်။

စာအုပ်စာစောင်များ ငှားရမ်းပေးသည့်အပြင် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်ခြင်း၊  စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း စသည့်အစီအစဉ်များနှင့် ဟောပြောပွဲများ၊ (Talk Show)များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)