လှိုင် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ လှိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁၄ က နာရီကျင်းပခဲ့သည်။
အစည်းအဝေးတွင် မရမ်းကုန်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ရှေးဦးစွာမိတ်ဆက်ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ဦးကျော်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာ လုံခြုံရေးကိစ္စရပ်များ၊ ကျူးကျော်အဆောက်အဦများ ရှင်းလင်းရေး၊ အခြေခံပညာကျောင်းများအလိုက် အားကစားပြိုင်ပွဲများ ကျင်းပရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး၊ မြေပြင်လူဦးရေစာရင်း ကောက်ယူပြုစုရေး၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဌာနအလိုက် ဆောင်ရွက်ချက်များ တင်ပြခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်အလိုက် နယ်မြေအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)