မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်တီအစည်းအဝေး ကျင်းပ

မိုင်းပန် အောက်တိုဘာ ၂၈

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်း အဝေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​အဆိုပါအခမ်းအနားတွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်မှ ကလေးသူငယ်များ၏ ရရှိနိုင်မည့်အခွင့်အရေးများ၊ ကလေးသူငယ်များအား ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ပြစ်မှု/ပြစ်ဒဏ်များစသည့် အကြောင်းအရာများကိုပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်က အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်၊ အခြေခံမူ(၄)ရပ်နှင့် လက်ရှိလုပ်ဆောင်နေသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာသည့် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

​​​မိုင်းပန်(ပြန်/ဆက်)