လှိုင်မြို့နယ်၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု့ စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လှိုင်  အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းအုပ်ကြီးများ၏  စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်း၌ ကျင်းပသည်။

ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် မရမ်းကုန်းခရိုင်၊ ပညာရေးမှူးဒေါက်တာဒေါ်ခင်သူဇာစိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လှိုင်မြို့နယ်အတွင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၃၈)ဦး တက်ရောက်ကြပြီး အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စီမံ၊ ဘဏ္ဍာ၊ ပညာ ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)