တောင်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉:၀၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒဂုံမြောက်ပိုင်း (၃၆) ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများကို အိမ်ထောင်စု (၂၂၀)အား လှူဒါန်း

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေ ပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်ရှိ (၃၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ နံနက်(၈)နာရီတွင် တတိယအကြိမ် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင် ဆီနှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက်(၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန်ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊‌ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စုပေါင်း မဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး တွံတေးမြို့နယ်၌ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်.တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး စစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးနှင့်ဌာနဆိုင်ရာများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမိနစ် ၃၀ က တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့၌ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်းနေကြာစိုက် တောင်သူများအား ဖိတ်ကြား၍ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိ

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ် တွင်ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှု အဖြစ်စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြရာသံတောင်ကြီးမြို့တွင်အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအောက်တိုဘာလတွင်  ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိကြောင်းသိရသည်။

ညောင်တုန်းမြို့နယ်တွင် လေဘေးသင့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများကွင်းဆင်းထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄)  စက်မှုလယ်ယာစခန်းမှ  ကြီးမှူးဖွင့်လှစ်သည့်  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု ( အခြေခံ)  သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်(၁၀ ) နာရီခွဲက အဆိုပါ စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Subscribe to