စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီ က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Book Club၊ Woman Club နှင့်Youth Club အဖွဲ့ဝင်များ၊ ပူးပေါင်း၍(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်ငူကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု ကျွဲလမ်းကျေးရွာ ဆန်းဓမ္မသိင်္ဂီ ဘုန်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယနေ့နံနက် ၉ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရ သူများ/သေဆုံးသူများအား ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်

ကျောက်ဆည်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရသူများ/ သေဆုံးသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီမှ ချီးမြှင့်ပေးအပ်သည့် ရွှေဖြင့်ပြုလုပ်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသခံ ပြည်သူများနှင့်တွေ့ဆုံဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို  အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယနေ့နံနက်ပိုင်းက ရှောက်ခုံအုပ်စု ရှောက်ခုံကျေးရွာနှင့် ဇီးပင်ကွင်းအုပ်စု ဇီးပင်ကွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် အမှတ်(၂)ရပ်ကွက်မှ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျောက်မဲမြို့ ရန်ကင်းဓမ္မာရုံ၌ ကျင်းပခဲ့​သည်။

သိန္နီမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က သိန္နီမြို့အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့  နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်စု(ခေတ်မီစံပြ)ကျေးရွာတွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု (ခေတ်မီစံပြ)ကျေးရွာ၌ ယနေ့နံနက်ပိုင်းက အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်း အနားပြုလုပ်ခဲ့သည်။

 နမ့်ဆန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကျန်းမာရေးဌာန ရပ်ရွာလူထုအားလုံးပါဝင်သော ကျေးရွာများတည်ဆောက်ခြင်းစီမံကိန်းသင်တန်းတွင် ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စဉ်းစားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတများတိုးပွားလာစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အောက်တိုဘာ ၂၇ ရက် ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to