အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးငယ်များအား ‌ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီးစာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏”အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို  ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉နာရီခွဲအချိန်က ဘုန်းတော်ကြီးကျောင်းများထံ ဆန်ကြာဆံများဆက်ကပ်လှူဒါန်းကြသည်။

ဓနုဖြူမြို့နယ်၌ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအဆင့် လူရည်ချွန် စာမေးပွဲ ဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ အနာဂတ်ကျောင်းသား၊ ကျောင်းသူများလူတော်၊ လူကောင်းများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ ထူးချွန်ထက်မြတ်သော လူရည်ချွန်များ ပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ ထခွဲလ (၁) ကျောင်း၊ အလယ်တန်း‌ကျောင်း (၄) ကျောင်းနှင့် မဟာသရဖူကိုယ်ပိုင်ကျောင်းတို့တွင် ယမန်နေ့ နံနက် ၉ နာရီက ကျောင်းအဆင့် လူရည်ချွန်‌ရွေးချယ်ရေး စာမေးပွဲများ ကျင်းပခဲ့ရာ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့  ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုနိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သည် နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု နယ်မြေဖြစ်ပြီး လေ့လာစရာ အထင်ကရ နေရာများစွာရှိသည့် မြို့လည်း ဖြစ်သည်။ ထိုအထင်ကရ နေရာများတွင် စက္ကိန်းတဲ စေတီတော်မြတ်ကြီးလည်း တန်ခိုးကြီးစေတီတော် တစ်ဆူအဖြစ် ပါဝင်သောကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(နပဆ-၁)မှ လာရောက် တင်ဆက်ကပြဖျော်ဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေ ပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(နပဆ-၁)မှ လာရောက် တင်ဆက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိ စာသင်တိုက်ဝန်းအတွင်း၌ တင်ဆက်ကပြ ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံ သင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဆင်းပွဲကို မြို့နယ်မီးသတ် ဦးစီးဌာန ခန်းမ၌ ယနေ့ နံနက် ၉ နာရီ ကျင်းပခဲ့သည်။ အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှုး ရဲမှူးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစီးအရာရှိ ဦးလင်းကျော်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
Subscribe to