ပြည်သူများ လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက် ဂိတ်များ၌ စစ်ဆေးရေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး အတွက် မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက် သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။