ငွေဆောင် အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မန္တလေးမြို့နေ ဦးထွန်းမြင့်+ဒေါ်ခင်မြ၊ Dr,အောင်ရဲ(B.D.S)+ဒေါ်ကြူကြူအောင်တို့အား အမှူးထားလျက် အလှူဒါယကာ ဦးသိန်းအောင်+ အလှူဒါယကာမဒေါ်ခိုင်ခိုင်သင်းနှင့် (Two Birds Manufacturin Co,ltd) ဝန်ထမ်းများနှင့် မဟာပုညာရာမကျောင်းတိုက် ဒါယကာ၊ဒါယကာမများစုပေါင်းကာငွေဆောင်မြို့၊ မဟာပုညာရာမ ကျောင်းတိုက်ဆရာတော်ဥူးစက္ကိန္ဒအမှူးပြု၍ ပင့်သံဃာ ၂၁ ပါးတို့အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ငွေဆောင်မြို့၊ မဟာပုညာရာမကျောင်း တိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ငွေဆောင်မြို့၊ မဟာပုညာရာမ ကျောင်းတိုက်ဆရာတော် ဥူးစက္ကိန္ဒထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး အလှူရှင်ဒါယကာ၊ ဒါယကာမ များက ကထိန်မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆရာတော်၊ သံဃာတော်များကို ဆက်ကပ် လှူဒါန်းကြပြီး အရန်သင်္ကန်းများကို ဆရာတော်ထံဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ကြီးမှ ကထိန်အကြောင်း သိကောင်းစရာ တရားတော်ကို ဟောကြားကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားအစီအစဉ် ကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့သည့် လှူဖွယ်ဝတ္ထုပစ္စည်းများ အပါအဝင် ငွေပဒေသာပင် ၈ ပင်အားမဟာ ပုညာရာမကျောင်းတိုက်သို့ လှူဒါန်းခြင်းဖြင့် အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး(ပြန်/ဆက်)