ကမာရွတ်မြို့နယ်တွင် ကွန်ပျူတာအဆင့်မြင့် သင်တန်းဖွင့်ပွဲနှင့်ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

အောက်တိုဘာ(၃၁)ရက်နေ့ နံနက်(၀၈း၃၀) နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဥယျာဉ်လမ်း၊ အမှတ် ၃ ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ အသုံးချ ကွန်ပျူတာ အဆင့်မြင့်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အသေးစားအမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် အသုံးချကွန်ပျူတာ ဆရာဖြစ်သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။

စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခြင်းနှင့် Mask Campaign ဆောင်ရွက်

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် စမ်းချောင်း  (တောင်)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းရှင်များနှင့် ပြပွဲသို့ လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုနှင့် ခေါင်းဆေးကျွန်း ဆိပ်ခံကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု ကြည့်ရှု စစ်ဆေး

မွန်ပြည်နယ်အတွင်း မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၉ ရက်၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ သံလွင်မြစ်ကမ်း ဘေးတစ်လျှောက်နှင့် မွန်ပြည်နယ် တရားလွှတ်တော်ရုံး ပတ်ဝန်းကျင်တွင်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများက ချုံနွယ်၊ မြက်နှင့် အမှိုက်များကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့သည်။

လပွတ္တာမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ဓမ္မသီတဂူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နံနက် ၈ နာရီ အချိန် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြ ကားလမ်း(၁၉) မိုင်ရှိ “ဓမ္မသီတဂူ” ကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

လေးမျက်နှာမြို့နယ်၌ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော် အစဉ်အလာမပျက် ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ စုပေါင်းမဟာဘုံကထိန်ပွဲများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။

ဖျာပုံမြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်စီမံကိန်း ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နေကြာဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ခေါင်းဆေးကျွန်း ဆိပ်ခံကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု ကြည့်ရှု စစ်ဆေး

မွန်ပြည်နယ်အတွင်း မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်ရေးနှင့် မြို့သန့်ရှင်း သာယာလှပရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၉ ရက်၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ သံလွင်မြစ်ကမ်း ဘေးတစ်လျှောက်နှင့် မွန်ပြည်နယ်တရားလွှတ်တော်ရုံး ပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ ကချုံနွယ်၊ မြက်နှင့် အမှိုက်များကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် (၇၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကျိုက်ထိုမြို့နယ်တွင် (၇၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီတွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာဘုံကထိန်ဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
Subscribe to