ဆဒုံး အောက်တိုဘာ ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသနေပြည်သူများ အိမ်တွင်းအကြမ်းဖက်မှု များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အိမ်တွင်းအကြမ်းဖက် မှုဆိုင်ရာ အသိပညာပေး (TALK SHOW) ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်၊၊
အဆိုပါ ဆွေးနွေးပွဲတွင် ဆဒုံးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်း နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ညွန့်ရွှေတို့က ပြည်သူများအသိပညာဗဟုသုတ မြင့်မား စေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ အိမ်တွင်းအကြမ်းဖက်မှု၏ အဓိပ္ပာယ်၊ အကြမ်းဖက်မှုပြုမူဆက်ဆံပုံများ၊ အကြမ်းဖက်ခံရမှု၏ နောက်ဆက် တွဲဆိုးကျိုးများ၊ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အခြားပုံစံများ၊ အကြမ်းဖက်မှုရှိသည့် မိသားစုမှ ကလေးများ၏ ဖြစ်လေ့ဖြစ်ထရှိသည့် အခြေအနေများ၊ အိမ်တွင်းအကြမ်းဖက်မှုကို အမျိုးသမီး များကိုယ်တိုင် ထုတ်ဖော်ပြောကြားရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အမျိုးသမီးတိုင်း သိရှိထားရန်နှင့် အိမ်တွင်းအကြမ်းဖက်မှုမဖြစ်ပွားရေး ဆောင်ရန်ရှောင်ရန်များနှင့် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြသည်၊၊
ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာပေအသိပညာနှင့် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာပေး (TALK SHOW) ဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ်စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊
ခင်မာဝင်း (ဆဒုံး)