​ရွှေဘိုမြို့၌ (၃၄) နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှစ်ပတ်လည်​နေ့ကို ကြိုဆို ဂုဏ်ပြု​သောအားဖြင့် စု​ပေါင်း​သွေးလှူဒါန်း

၂၀၂၂ခုနှစ် နိုဝင်ဘာ၇ရက်​နေ့တွင် ကျ​ရောက်မည့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှစ်ပတ်လည်​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး​ ရွှေဘိုခရိုင်နှင့်​ရွှေဘိုမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ စု​ပေါင်း​သွေးလှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂နာရီချိန်က​ ရွှေဘိုခရိုင် ပြည်သူ့​ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ပန်းခြံဖွင့်လှစ်

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ထားသော လှာကမြင်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါပန်းခြံတည်နေရာ၌ ကျင်းပသည်။

ခရမ်းမြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းဆွေးနွေး

ခရမ်းမြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ခရမ်းမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀:၃၀)နာရီ အချိန်က တံတားမြို့ အမှတ် (၄) ရပ်ကွက် အတွင်းရှိ အ.မ.က (မူလွန်) ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။

(၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မလှိုင်မြို့၌ကျင်းပ

(၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ ပြည်သူများအား စားသုံးဆီအဆင်ပြေစေရန် ဈေးနှုန်းသက်သာစွာ စားသုံးဆီလက်လီဈေးကားဖြင့် လာရောက်ရောင်းချ

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီစဉ်ဖြင့် MEico စားသုံးဆီ ကုမ္ပဏီလီမီတက်မှ ရွှေပြည်သာမြို့နယ် ရှိပြည်သူများစားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစာသုံးနိုင်ရန် စားသုံးဆီလက်လီဈေးကားဖြင့် ယနေ့ နံနက် (၉) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရန်ကြီး‌အောင်လမ်းတွင် ရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to