ညောင်တုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ညောင်တုန်း အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် မီးသတ်ဆေးဘူးသုံးစွဲနည်းများကို ရှင်းလင်းပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အတူ  မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)