ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂)  ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် (၈:၃၀)အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော ပြည်သူများ၊ လမ်းသွားလမ်းလာခရီးသွား ပြည်သူများ နေအိမ်မှ ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

ရပ်စောက်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး လုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို မြို့ဦးရပ်ကွက်ရှိ အ-မ-က (ဟိုပင်) ကျောင်း၌ ယနေ့နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် နယ်မြေအေးချမ်းသာယာရန်အတွက် လုံခြုံရေးစစ်ဆေးမှုများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပေးဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နယ်မြေအေးချမ်းသာယာရန်အတွက် လုံခြုံရေးစစ်ဆေးမှုများကို ယနေ့နံနက်က မြို့အဝင်/အထွက်နေရာများတွင်ပြုလုပ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖတို့မှကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင်မှုများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိူတင် ကာကွယ်ရေးပြင်ဆင် ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင်မှုများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနတွင် ယနေ့ နံနက် (၉) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် ဆီနှင့်ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့်‌ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက် (၈း၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၂/၂၀၂၂) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၂/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့်စကားအတိုင်း နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေး၏ အခန်းကဏ္ဍသည် များစွာအရေးပါသဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာရေးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပညာရေးမှူးရုံး၏ စီစဉ်မှုဖြင့် မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို တာမွေမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၌‌‌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီက စမ်းချောင်းမြို့နယ် အ.ထ.က(၂) စံပယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် အလုံခရိုင်၊ ပညာရေးမှူးဒေါက်တာ စုစုလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန္ဒာဦးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
Subscribe to