ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ရှိ အိမ်တွင်းမှုထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်အတွင်း MSME အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ညနေ(၃)နာရီခွဲက ကျိုင်းတုံမြို့၊ ကျိုင်းလန်(၂)လမ်းရှိ "ရှင်းရှင်း"ခေါက်ဆွဲ အိမ်တွင်းမှုလုပ်ငန်းအဆင့်ဆင့်ပြုလုပ်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်းနှင့် အိမ်တွင်းမှုတစ်ပိုင်တစ်နိုင်ဝိုင်လုပ်ငန်း၊ အာခါစက်မှုလက်မှု ကုန်ထုတ်သမဝါယမ အသင်းလီမိတက်မှ အာခါတိုင်းရင်းသားရိုးရာအထည်များ ရောင်းချနေမှုတို့ကို ကြည့်ရှုကြသည်။