ရပ်စောက်မြို့၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အား အသိပေးကြော်ငြာ

ရပ်စောက် အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်ပါ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) စာရင်းနှင့်ပတ်သက်၍ လဝကရုံးသို့ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် e-ID Biographic Registration Software စာရင်းရေးသွင်းဆောင်ရွက်ထားရှိမှု လုပ်ငန်းစဉ်များအား အသံချဲ့စက်ဖြင့် အသိပေးကြေငြာခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပေးကြော်ငြာခြင်းအား ယမန်နေ့မွန်းလွဲ ၃ နာရီက ရပ်စောက်-ရွှေညောင်သွား ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်နှင့် မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် ကားဂိတ်များတွင် အသံချဲ့စက်ဖြင့် အသိပေးကြော်ငြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါပြည်သူများအား အသံချဲ့စက်ဖြင့်ကြော်ငြာခြင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)