ပုဇွန်တောင်မြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်း ပုဇွန်တောင်စျေးရှေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။