​ ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး၌ (၁၈) ကြိမ်​မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ပေါက်တော  အောက်တိုဘာ  ၃၁

ရခိုင်​​ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး၌ (၁၈)ကြိမ်​မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကမ္ဘာ့သာသနာပြု အဓိဋ္ဌာန်ဆရာတော်ကြီးမှငါးပါးသီလခံယူဆောက်တည်ပြီး မတည်အလှူရှင် ဦးထွန်းအောင်ခိုင် နှင့်ဇနီးဒေါ်မထွေးတင် မိသားစုတို့က ကထိန်မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်း၍ တက်​ရောက်လာကြသည့်လှူရှင်များက အရန်သင်္ကန်းများကို ဆရာတော်ထံ ဆက် ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဓညဝတီဆရာတော်ကြီးထံမှ ကထိန်အကြောင်း သိကောင်းစရာ တရားတော်ကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းလိုက်သည်။ ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ကြသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ပေါက်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်း (၂၅)ကျောင်းသို့ သွားရောက်ပို့ဆောင် လှူဒါန်းခြင်းဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)