ကျိုက်လတ် အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး အတွက် မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက် သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်း ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များမှ ကြပ်မတ်ဆောင်ရွက် လျက်ရှိသော်လည်း နယ်မြေအတွင်း မလိုလားအပ်သော အဖျက်အမှောင့် လုပ်ငန်းများ မဖြစ်ပေါ် စေရေး အတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေး ဂိတ်များဖွင့်လှစ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျသည့် တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များ အနေဖြင့် မပျက်မကွက် တာဝန်ထမ်းဆောင်ရန် နှင့် ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးရန် ညွှန်ကြားထားကြောင်းသိရသည်။
ကျိုက်လတ်(ပြန်/ဆက်)