ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၏၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်နှင့် ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲကျင်းပ

နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင်ပါဝင် ထမ်းဆောင်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုရယူအသုံးချကာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သော ဘွဲ့ရလူငယ်မောင်မယ်ပညာတက်များ မွေးထုတ်ရေးကိုဦးတည်လျက် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်နှင့် ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)ခန်းမ၌ကျင်းပခဲ့သည်။

ရမ်းဗြဲမြို့နယ်၌ မြို့နယ်အဆင့်  အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ  စွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား/ကျောင်းသူများစာပေထူးချွန်ပြီး ဘက်စုံထူးချွန်ထက်မြက်သော  ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေ ရန်  ရည်ရွယ်လျက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  G–5  တန်းမှ G–9 တန်းထိ အင်္ဂလိပ်စာနှင့် သင်္ချာဘာသရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကွတ်ခိုင်မြို့နယ် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင် (Woman Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

ဗန်းမော်ခရိုင် ဗန်းမော်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ်ပညာ‌ရေးဌာန ဦးဆောင်မှုဖြင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအ‌ထက်တန်းကျောင်း၌ ကျင်းပသည်။

သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ယနေ့မှစ၍ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

မိုင်းစံမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်ရေး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရန်အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအား ယမန်နေ့ နံနက်(၁၁:၀၀)နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက်၊ မြို့လယ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးသွားမည်

ကချင်ပြည်နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဆီမုန်ညှင်း၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် အခြားသီးနှံ ပဲမျိုးစုံတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်နှုန်းကောင်းသည့် နေကြာ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင် မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်၏ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to