ချမ်းမြသာစည် နို၀င်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင် မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်၏ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ၀င်းအေးက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ဆက်လက်ပြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခိုင်ညွန့်မြိုင်က တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍများကိုလည်းကောင်း၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မြတ်သူဇာထွန်းမှ သင်ကြား၊သင်ယူမှု ဆိုင်ရာ ကဏ္ဍများကိုလည်းကောင်း မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပါမောက္ခ ဌာနမှူးများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် မိတ်ဆက်ခဲ့ကြကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်ဒေါက်တာ ၀င်းအေး၊ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခိုင်ညွှန့်မြိုင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြတ်သူဇာထွန်း၊ပါ မောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မောင်မယ်သစ်လွင် (၁၁၀)ဦး ရှိပြီး လက်ရှိ ပညာသင်နှစ်အတွင်း ကျောင်းသား/သူ (၃၅၉)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခင်စိမ်း၀င်း(မြို့နယ် ပြန်/ဆက်)