သိန္နီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာ ပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေစကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေဗဟုသုတကြွယ်ဝစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များကို စာပေဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် အသုံးပြုတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာ စေရန် ရည်ရွယ်၍ စာပေစကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် အငြိမ်းစားပင်စင်စား(၂၄၁၁) ဦးအား ပင်စင်လစာများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၇ နာရီအချိန်က စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ပုသိမ်တက္ကသိုလ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်းရှိ အဆိုပါ Centre ရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အ​ခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် အပတ်စဥ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က မြို့မရပ်ကွက်တွင်  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေသည့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ပုသိမ်)  ၂၀၂၂-၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

ပုသိမ်နည်းပညာတက္ကသိုလ်၏ ၂၀၂၂-၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာ ပေး Talk Show ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့နယ် ဌာနဆိုင်ရာများက အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဌာနဆိုင်ရာများက ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာနှင့် ဗဟုသုတရရှိစေရေး၊ ဌာနဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်နိုင်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကလေးဝမြို့၊ အရုဏ်ဦး ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
Subscribe to