သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

သံဖြူဇရပ်  နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ယနေ့မှစ၍ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊

ပင်စင်လစာငွေများအားအလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစု၊ လူဝေးမဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် စည်းကမ်းချက်နှင့်အညီ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း၊ တစ်ဦးနှင့်တစ်ဦး(၃)ပေအကွာနေရာများ ချထားပေးခြင်း၊ လက်ဆေးဘေစင်များဆောင်ရွက်ပေးထားပြီး သံဖြူဇရပ်မြို့နယ်တွင် အငြိမ်းစားဦးရေ ၁၆၀၀ ခန့်ရှိပြီး တစ်နေ့လျှင် ၂၅၀ ဦးခန့်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။

အေးအေးသီ(ပြန်/ဆက်)