မိုင်းစံမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်ရေး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေး

မိုင်းစံ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရန်အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအား ယမန်နေ့ နံနက်(၁၁:၀၀)နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက်၊ မြို့လယ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်မှ နှစ်စဉ်ကျင်းပသော ရှမ်းနှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန်အတွက် စည်းလုံးညီညွတ်စွာ ‌ဆောင်ရွက်ရန် ‌ပြောကြားခဲ့‌ကြောင်း သိရသည်၊၊

ထိုတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တတ်ရောက်ခဲ့ကြောင်း သိရသည်၊၊

မိုင်းစံ(ပြန်/ဆက်)