ထားဝယ် နိုဝင်ဘာ ၂၁
နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင်ပါဝင် ထမ်းဆောင်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုရယူအသုံးချကာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သော ဘွဲ့ရလူငယ်မောင်မယ်ပညာတက်များ မွေးထုတ်ရေးကိုဦးတည်လျက် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်နှင့် ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြင့်အေးက ကြိုဆိုနူတ်ခွန်းဆက် စကားနှင့် ကွန်ပျူတာတက္ကသိုလ်မှ ပို့ချပေးနေသော ဘာသာရပ်များအကြောင်းအား ရှင်းလင်းဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာပါမောက္ခဌာနမှူးများနှင့် ဆရာ/မများက သင်တန်းမှပို့ချရ သည့်ဘာသာရပ်များ၏ ရည်ရွယ်ချက်များ၊ သင်တန်းနှစ်အလိုက် သင်ကြားရသည့်ဘာသာရပ်များ အကြောင်းနှင့် သင်ကြားမည့် ဘာသာရပ်အလိုက်အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ဒုတိယပါမောက္ခချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။ အခမ်းအနားသို့ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)ဒုတိယ ပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ ကြပြီးပထမနှစ်ဝင်ခွင့်ရကျောင်းသား/သူ(၁၀၆)ဦးရှိကြောင်းသိရသည်။
ယနေ့တွင်ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)တွင်ကျောင်းသား/သူများ ပညာသင်ယူမှုအခွင့်အလမ်းနှင့် အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများပွင့်လန်းလာသဖြင့် ဝမ်းမြောက်လျက်ရှိကြောင်းနှင့် ဆရာ/မများကလည်း ပညာသင်ကြားပေးနိုင်ရေးအတွက် အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)