ရမ်းဗြဲမြို့နယ်၌ မြို့နယ်အဆင့်  အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ  စွမ်းရည်ပြိုင်ပွဲကျင်းပ

ရမ်းဗြဲ    နိုဝင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား/ကျောင်းသူများစာပေထူးချွန်ပြီး ဘက်စုံထူးချွန်ထက်မြက်သော  ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေရန်  ရည်ရွယ်လျက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  G–5  တန်းမှ G–9 တန်းထိ အင်္ဂလိပ်စာနှင့် သင်္ချာဘာသရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင်  အင်္ဂလိပ်စာဘာသာရပ်ကို G–5  တန်းမှ  G–9 တန်းထိ ကျောင်းသား၊ ကျောင်းသူ (၇၉)ဦး နှင့်သင်္ချာဘာသာရပ်တွင်  G–5  တန်းမှ  G–9 တန်းထိ ကျောင်းသား/ ကျောင်း သူ (၁၂၈) ဦး  စုစုပေါင်း (၂၀၇) ဦး ဖြေဆိုခဲ့ကြသည်။ ပြိုင်ပွဲကို နံနက်ပိုင်းအချိန်တွင်ရေးဖြေ ဖြေဆိုကြရပြီး နေ့လယ် ၁၂နာရီအချိန်တွင်လူတွေ့စစ်ဆေးခြင်းဖြစ်သော နှုတ်‌ဖြေစွမ်းရည် ဖြေဆိုခြင်းတို့ဖြင့် စစ်ဆေးဖြေဆိုကြသည်။

၎င်းဘာသရပ်များဆိုင်ရာ စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်ကျောင်းသား/ကျောင်းသူများကို မြို့နယ်ကိုယ်စားပြုအဖြစ်  ပြည်နယ်အဆင့်တွင် ဆက်လက်ဖြေဆိုကြရမည် ဖြစ်ကြောင်းကို မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အောင်နိုင်(ပြန်/ဆက်)