ဝေါလေမြိုင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ဝေါလေမြိုင် နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေဦးနှင့် အငယ်တန်းစာရေး ဒေါ်ဖြူစင်မိုးတို့က ပါဝင်ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာတွင် ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကမ္ဘာနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ကလေးအလုပ်သမား အခြေအနေ၊ ကလေးအလုပ်သမား ပပျောက်ရေးသည် ဘာကြောင့်အရေးပါသလဲ၊ ကလေးအလုပ်သမားလျှော့ာ့ချရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထို(Talk Show)ဆွေးနွေးပွဲအား ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ (We Love Wallay Myine Facebook Page)မှ တစ်ဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝေါလေမြိုင်(ပြန်/ဆက်)