ပွင့်ဖြူမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ နိုဝင်ဘာ ၂၁ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြဝတီခရိုင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးစိုးတင့်နှင့်  ကော်မတီအဖွဲ့ဝင်များ   တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နည်းပညာတက္ကသိုလ် စတင်ဖွင့်လှစ်သည့်နေ့၌ တက်ရောက်ပညာသင်ကြား‌နေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ နေပြည်တော်နည်းပညာ တက္ကသိုလ်၏ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ရာ နေပြည်တော်နည်းပညာတက္ကသိုလ်၌ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

ပြင်ဦးလွင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၌ မောင်မယ်သစ်လွင်နေ့ ကျင်းပ

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ (Fresher’s Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ အိမ်‌ထောင်စုစာရင်း‌ရှိ အခြေခံလူတန်းစားများအား လစဉ်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၀)စုအနက် (၃၇)စုအား တတိယအကြိမ်အဖြစ် လစဉ်အလှည့်ကျ ဆန်၊ဆီ၊အဝတ်အထည်စားသောက်ကုန်များ ပေးအပ်ပွဲ ကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ်၌ လယ်သီးထပ်ဆီထွက်နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချ ကိရိယာသုံး စိုက်ပျိုးမှုကွင်းသရုပ်ပြသခြင်းနှင့် နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု တောင်သူဦးဝင်းနိုင်၏ လယ်မြေကွင်းအမှတ် (၃၁၂)တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်သီးထပ် ဆီထွက်နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချစက်ကိရိယာသုံး စိုက်ပျိုးမှု ကွင်းသရုပ်ပြသခြင်းနှင့် နေကြာ‌မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) တွင် ဘွဲ့ကြိုပထမနှစ်ကျောင်းသား/ကျောင်းသူ မောင်မယ်များ ကြိုဆိုပွဲကျင်းပ

ကချင်ပြည်နယ်ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) ၌ ဘွဲ့ကြိုပထမနှစ် ကျောင်းသား/ကျောင်းသူ မောင်မယ်များ ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်တွင်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်  

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၉)နာရီက  မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Center တွင်  ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်း(တောင်)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
Subscribe to