သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းတွင် ကျင်းပကြသည်။

ကန့်ဘလူမြို့၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပန်းချီနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျောင်းသားလူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပန်းချီနှင့်စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Cetre) ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ် ကျောင်းများတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ကျင်းပ၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ကျောင်းများ စတင်တက်ရောက်လျက်ရှိသည်။

နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူ များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း နေကြာစိုက်ပျိုးရန် တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်အတွင်း  မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများအား နို၀င်ဘာတတိယအပတ် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကိုပြုလုပ်ခဲ့သည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။

ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီမှစ၍ နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to