ကွတ်ခိုင်မြို့နယ် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ကွတ်ခိုင် နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင် (Woman Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်း‌ဆွေးနွေးပွဲတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ် ဌေးဌေးဝင်းက ဤကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ စာပေဝါသနာရှင်များ၊ စာဖတ်ဝါသနာရှင်များ တိုးပွားလာစေရန်၊ စာအုပ်စာစောင်များမှ ရရှိလာသည့် ဗဟုသုတများအား စာဖတ်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှော ဖလှယ်နိုင်စေရန်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Woman Club) အသင်းသူ/သားများမှတဆင့် ပြည်သူများထံသို့ ဗဟုသုတများ ပြန်လည်မျှဝေပေးနိုင်‌ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသူ (Woman Club)အသင်းသူ/သားများက စာရေးဆရာ ‘နတ်သျှင်(ရွှေဂူ)’၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်း သိရပါသည်။ စာဖတ်ဝိုင်းသို့ တက်ရောက်သူ စုစုပေါင်း (၁၁)ဦးရှိကြောင်းလည်း သိရပါသည်။

ချစ်မျိုးဦး  (ကွတ်ခိုင်)